Tuesday, November 09, 2010

စာပေ ၃ မျိုး နှင့် အသိ ၊ ကံအကျိုး

စာပေ ၃ မျိုး

ကွမ်းယာနှင့်တူသော စာပေ

ကွမ်းယာသည် ၀ါးပီးလျှင် အရည်ရော အဖတ်ပါ ထွေးပစ်သည်။
တစ်ခုမျှ မျိုချလို့မရပါ။
ထို့အတူ ပစ္စက္ခဘ၀အတွက်ရော သံသယာအတွက်ပါ
ဘာတစ်ခုမှ ကောင်းကျိုးမပေးသည့်
အပစ် အခတ် ၊ အညှစ်အသတ် စသော အပျော်ဖတ်သက်သက် စာများ ။

ကြံ နှင့်တူသော စာပေ

ကြံသည် အရည်ကိုယူကာ သောက်သုံးနိုင်သည်။ ကြံဖတ်ကိုကား ပစ်ကြသည်။
ထို့အတူ ဖတ်လိုက်က သင်ခန်းစာတစ်ခုခုရသော ကြီးပွားရေး စီးပွားရေး တိုးတက်ရေး
တက်ကျမ်းစသော စာများ ...။

နွားနို့ မလိုင် နှင့်တူသော စာပေ

နွားနို့သည် အရည်ကိုလည်း သောက်လို့ရ ၊ နို့မလိုင်ဖတ်ကိုလည်း စားသုံးလို့ရသည်။
ထို့အတူ လောကီ လောကုတ္တရာ နှစ်ဖက်ရစာပေများ သံသယာအတွက်ပါ လမ်းမှန်ပြပေးသည့် စာများ...။

စာစုတစ်ခု အကြောင်းအရာတစ်ခုကို ဖတ်လိုက်ရပီး အသိတစ်ခုရလိုက်ကာ ထိုအသိအပေါ်မှာ ပြန်လည်ကျိုးကြောင်းဆင်ခြင်ကာ
ကိုယ့်သန္တန်တွင်း ကိလေသာများ ကုန်ခန်းမှု လျော့ပါးမှုရှိလျှင် ထိုအသိကို ပညာသိ ၊ ခန္ဓာသိ ၊ ပဋိဝေဓသိ ဖြစ်လို့ သေချာတဲ့
တရားစစ်နည်းပင်ဖြစ်ပါတယ်။

ထိုသို့မဟုတ်လျှင်ဖြင့် သညာသိ ၊ စာသိ ၊ ဗဟုသုတသိ ပဲ ဖြစ်ပါလိမ့်မယ်တဲ့ ...


ဘ၀မှာ ကြီးပွားတိုးတက်ဖို့ရာ


ဆောင်ရန် ၄ ချက်
၁။ ထကြွလုံ့လ ၊ ၀ီရိယဖြင့် ဥစ္စာကို ရှာဖွေခြင်း
၂။ လုံခြုံအောင် ထိန်းသိမ်းစောက်ရှောက်ခြင်း
၃။ အ၀င်အထွက်မျှတအောင် သုံးစွဲခြင်း
၎။ မိတ်ကောင်းဆွေကောင်းရှိခြင်း

ရှောင်ရန် ၄ ချက်
၁။ပွဲလမ်းသဘင် အပျော်အပါးများခြင်း
၂။မိန်းမ ၊ အပျော်အပါးလိုက်စားခြင်း
၃။သေရည်သေရက်မူးယစ်ဆေးဝါး သုံးစွဲခြင်း
၎။လောင်းကစားပြုလုပ်ခြင်း

ကုသိုလ်လုပ်လျှင် ကောင်းကျိုးခံစားရမှာ အမှန်ဖြစ်ပီး
အကုသိုလ်လုပ်လျှင်လည်း မကောင်းကျိုးကို သေချာ မုချ မလွဲ ခံစားရမှာ ဖြစ်တယ်ဆိုတာကို
ဗုဒ္ဓဘာသာဝင်စစ်စစ်များအနေနှင့် အသေအချာ ယုံကြည်ကြရမှာ ဖြစ်ပါတယ်လို့ ..

မြတ်ပုလဲဖြူ

(အရှင် ဇ၀န - မေတ္တာရှင်-ရွှေပြည်သာ စာအုပ်ထဲမှ ရသော အသိများကို သူငယ်ချင်းများအတွက် ကိုယ်တိုင်ရေးသား ဖြန့်ဝေပါသည်။)

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers