Tuesday, November 09, 2010

ချစ်ခြင်းဖြင့်သာ ရူမြင်ပါ ...

သူငယ်ချင်းတို့ရေ ...ဒီကဗျာလေး အရမ်းကောင်းတယ်နော် ...

ကိုယ့်အောက်နိမ့်လျှင် ကရုဏာဝင်
မ၀င်နိုင်က နိုင်တတ်တယ် ...
နိုင်မယ့်အစား ကရုဏာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ ။

တန်းတူတွေ့လျှင် မေတ္တာဝင်
မ၀င်နိုင်က ပြိုင်တတ်တယ် ...
ပြိုင်မယ့်အစား မေတ္တာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ ။

ကိုယ့်ထက်သာလျှင် မုဒိတာဝင်
မ၀င်ဣဿယိုင်တတ်တယ် ...
ယိုင်မယ့်အစား မုဒိတာပွါး ကစိတ်ထားပြုပြင် ပြောင်းပါ့မယ်။ ။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်
ပြင်ဆင်တိုင်းရ ပြင်တိုင်းလှ
သုခနိဗ္ဗာန်တိုင်လိမ့်မယ်။ ။ တဲ့ ...........

သူငယ်ချင်းတို့ရေ ...
သီတင်းကျွတ်ကာလ ရက်မြတ်ခါတော်နေ့မှာသာမက ဘယ်အချိန် ဘယ်နေရာမှာမဆို ရတနာသုံးပါးနဲ့ မိဘ၊ဆရာသမားများ ၊မိမိထက်အသက် သိက္ခာ ဂုဏ်ဝါကြီးတဲ့သူတွေကို ရှိခိုးကန်တော့ရမှာကို ၀န်မလေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရှိခိုးသူ ၊ အရိုအသေပြုသူမှသာလျှင် ဘ၀ဆက်တိုင်း အသက်ရှည် ၊ အဆင်းလှ ၊ ချမ်းသာကြီး ၊ ခွန်အားဗလကြီးမားခြင်းဆိုတဲ့ အကျိုးလေးမျိုးကို ခံစားရလို့ပါပဲ။ ရှိခိုးခံသူ မှာသာ အရိုအသေပြုခံထိုက်တဲ့ သီလ ၊ သမာဓိ ၊ပညာမရှိခဲ့ရင် အပြစ်တောင် ဖြစ်နိုင်ပါသေးတယ်တဲ့ ...

လောဘ ၊ ဒေါသ ၊ အာဃာတနှင့်
မာနမျတ်စိ ရှိတုံဘိက
ကြည့်တိုင်းမလှ ၊ ဖြစ်တတ်စွာတည့်
လောကကိုလျှင် လှစေချင်က
ငြိုငြင်မာန်တင်း ငြူစူကင်းလျှက်
ချစ်ခြင်းဖြင့်သာ ရူမြင်နိုင်ဖို့ ကြိုးစားရင်း ...

မြတ်ပုလဲဖြူ

အညွန်း။ ။ အရှုံးမရှိသော ဒဿနစာအုပ်မှ

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers