ရယ်ရယ်မောမော ၀င်ကာပြောတော့
လူပေါကြီးဟု ထင်ကြသည်။
ရောနှောမ၀င် တည်ပြန်လျှင်
ဘ၀င်မြင့်သည် ဆိုပြန်သည်
ခေါ်ထူးမေးဖြေ မှန်မှန်နေက
ဆိုလေအတင်း ကုတ်ကမြင်း
သို့ .. ပတ်ဝန်းကျင် ...
ဝေဖန်ရှင်တို့
သင့်အလိုကျ ဖြစ်စေရမည်
သဘောအမှန် မောမခံနှင့်
ပြောရန် ရင်တွင်း လက်ကျှန်အတင်းကို
စာရင်းကလေး ပြုပေးပါ ..... ။ ။
မေတ္တာရှင် ရွှေပြည်သာ စာအုပ်မှ ကဗျာလေးကို နှစ်သက်လို့ ကူးယူဖော်ပြခြင်းဖြစ်ပါသည်...
Tuesday, November 09, 2010
Subscribe to:
Post Comments (Atom)