- အမှားတစ်ခု မလုပ်နိုင်ဘူးဆိုလျှင် သင် ဘာတစ်ခုမျှလုပ်နိုင်မည်မဟုတ်။
- အောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့နောက်ကွယ်မှာ မိန်းမတစ်ဟောက် ရှိနေတယ်။ အဲဒီအတိုင်းပဲ မအောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့နောက်ကွယ်မှာ ရှိနေတာလည်း မိန်းမပါပဲ။
- လူတစ်ယောက်အဖို့ ဘယ်ဆိပ်ကမ်းဆီသို့ ဦးတည်သွားနေမှန်း၊ မိမိကိုယ်မိမိ မသိတဲ့အခါ ဘယ်အရပ်က တိုက်ခတ်လာတဲ့ လေပဲဖြစ်စေ အကျိုးမပြုနိုင်ပါဘူး။
- အခွင့်အရေးက သင့်တံခါးကို နှစ်ကြိမ် လာခေါက်လိမ့်မယ်လို့တော့ မမျှော်လင့်လိုက်ပါနဲ့။
- ကျားကစားရာမှာ နှစ်ကောင်စားနိုင်ဖို့ တစ်ကောင်ကျွေးရတယ်၊ တစ်ကြိမ်ထဲမှာ နှစ်ကောင်ရွှေ့မရဘူး၊ အထက်ကိုပဲရွှေ့ရမယ်၊ အောက်ကို မရွှေ့ရဘူး၊ ကင်းစင်သွားပြီဆိုရင်တော့ ကြိုက်သလို ရွှေ့လို့ရပြီ။ ဘ၀ဆိုတာလဲ အဲ့လိုပဲ။
- ပြောသင့်တဲ့အချိန်မှာ ဆိတ်ဆိတ်နေခြင်းရယ်၊ ဆိတ်ဆိတ်နေသင့်တဲ့အချိန်မှာ ပြောဆိုခြင်းရယ်ဟာ အားနည်းချက်ကို ဖော်ပြတဲ့ အချက်နှစ်ချက်ပါပဲ။
- သင့်လက်ကို ကမ်းပေးဖို့ ဘယ်တော့မှ မနှောင့်နှေးပါနှင့်။ သူတပါးကမ်းလာတဲ့ လက်ကိုလည်း ဘယ်တော့မှ လှမ်းဆွဲယူဖို့ မနှောင့်နှေးပါနှင့်။
- လှပမှုရယ် ..... ဥာဏ်ပညာရယ်ဆိုတာ ဘယ်တော့မှ အတူတွဲနေရိုး မရှိပါ။
- လူအများကို ချစ်ခြင်းနဲ့ လူအများရဲ့ ချစ်ခြင်းကို ခံရသူဟာ မိမိကိုယ်ခန္ဓာဝဲယာရဲ့ နေရောင်ခြည်ကို ခံရခြင်းလိုပါပဲ။
- မိတ်ဆွေအပေါင်းအသင်း ပေါများခြင်းဟာ ဘ၀အောင်မြင်ရေးမှာ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
- သင့်ဘ၀ ရည်မှန်းချက် မပြည့်ဝမီကာလမှာ မိန်းမနဲ့ အရက်ကို ဝေးဝေးကရှောင်ပါ။ သင်ရည်မှန်းချက် ပြည့်ဝပြီးနောက်ပိုင်းမှာ ပိုပြီးဂရုစိုက်ရှောင်ပါ။
- တကယ်လို့ သင့်အနေနဲ့ အမျက်ဒေါသကို တဒင်္ဂ သည်းခံနိုင်ရင် ရက်ပေါင်းတစ်ရာ စိတ်ဆင်းရဲမှုမှကင်း ဝေးမည်။
- အချိန်ဆွဲခြင်းဟာ ဒေါသကို ကုစားတဲ့ အကောင်းဆုံးနည်းလမ်းပဲ။
- မိမိကိုယ်ကို သိပါ။
- အချိန်ရဲ့ စစ်မှန်တဲ့တန်ဖိုးကို နားလည်ပါ။ အချိန်ရှိခိုက် လုံ့လစိုက်ပါ။ မလေလွင့်စေနဲ့ ပျင်းမနေနဲ့ အလုပ်ကို မရွှေ့ဆိုင်းပါနဲ့။ ဒီနေ့လုပ်လို့ ပြီးမယ့်အလုပ်ကို ဒီနေ့လုပ်ပါ။ မနက်ဖြန်ထိစောင့်မနေပါနဲ့။
- မိမိလုပ်ငန်းအပေါ် မိမိ စိတ်ပါဝင်စားမှု ရှိခြင်းဟာ အောင်မြင်မှုရဲ့ ပထမ ခြေလှမ်း ဖြစ်ပါတယ်။
- လောကကောင်းကျိုး သယ်ပိုးနိုင်သောသူ ထာဝစဉ်ဖြစ်ချင်၏။
- သူများရဲ့ကျေးဇူးတရားကို မေ့လျော့မထားနဲ့ ကိုယ်ပြုဖူးတဲ့ ကျေးဇူးတရားကိုလည်း အမှတ်မထားနဲ့။
- ကျားဆိုရင်လည်း တကယ့်ကျားဖြစ်ပါစေ၊ ဘယ်သူမှ အရေးမထားတဲ့ အရုပ်ကျား မဖြစ်ပါစေနဲ့။
- မိဘကို မသေခင် ကျွေးမွေး၊ ပြုစု၊ စောင့်လျှောက်ပါ။ သေမှ ငိုမနေပါနဲ့ အကျိုးမဲ့တယ်။
- စေတနာထား စကားများ အမှားပါတတ်တယ်။ ဒါကြောင့် စကားနည်းနည်း ဘုရားမြဲမြဲနေ။
- လူတွေဟာ စဉ်းစားတွေးခေါ်မှုနည်းလေလေ၊ စကားတွေ များများပြောလေလေပါပဲ။
- အချိန်တိုင်းသည် ငါ့ဘ၀ တိုးတက်မှုအတွက်သာ ဖြစ်စေရမည်။
- အောင်မြင်တိုးတက်အောင် လုပ်ရတာ ခက်ပါတယ်။ အောင်မြင်တိုးတက်လာတဲ့ အခြေအနေကို ထိန်းသိမ်းရတာ ပိုခက်ပါတယ်။ ဘ၀င်မမြင့်နဲ့၊ ဘ၀မမေ့နဲ့၊ အောက်ခြေမလွတ်နဲ့။
- ကိုယ့်ကိုယ်ကို အထင်ကြီး ကိုးကွယ်တဲ့ ဘ၀င်သမားဟာ နေမင်းကြီးထွက်လာတာကို၊ သူတွန်တာ နားထောင်ဖို့လို့ အထင်ရောက်နေတဲ့ ကြက်ဖနဲ့ တူပါတယ်။
- အရိုင်းအစိုင်းတွေမှာ ပြုံးတယ်လို့မရှိပါဘူး။ တ၀ါးဝါးတဟားဟားပဲ ရယ်တတ်ကြတယ်။ မိကောင်းဖခင်သားသမီးတွေကတော့ ဟားတိုက်ပြီး ရယ်လေ့မရှိကြပါဘူး။ ပြုံးရုံလေးပဲ ပြုံးတတ်တယ်။
- ပညာရှိတဲ့သူနဲ့ အတူသွားအတူနေသူဟာ ပညာရှိသူပဲ။
- ပန်းထုပ်တဲ့ဖက်က ပန်းရနံ့မွှေးပြီး ငပိထုတ်တဲ့ဖက်ကတော့ ငပိနံ့နံမှာပဲ။Credit: http://kthari.multiply.com/journal