Wednesday, January 26, 2011

လူတိုင်းအတွက် နေ့စဉ်စိတ်ကြည်လင်စေရန်

လူတိုင်းအတွက် နေ့စဉ်စိတ်ကြည်လင်စေရန်

1   နေ့စဉ်10မိနစ်မှ မိနစ်30အထိ လမ်းလျှောက်ပါ။လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
2   နေ့စဉ်အနည်းဆုံး10မိနစ်ခန့် ဘာကိုမှမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။
3   ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေ ရရင်ရသလိုနေ့စဉ်7နာရီပြည့်အောင်အိပ်ပါ။
4   E သုံးလုံးနဲ့အညီနေပါ။ 1.Energy 2.Enthusiasm 3.Empathy
5   Gameတွေ ကစားပေးပါ။

6   မနေ့ကထက် ဒီနေ့စာများများပိုဖတ်ပါ။
7   တရားထိုင်းခြင်း၊ ယောဂကျင့်ခြင်းစတာတွေအတွက် နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။
8သင့်ရဲ့အချိန်တွေထဲကအနည်းဆုံးမိနစ်30ခန့်ကိုအသက်70အရွယ်တွေနဲ့ အသက်6နှစ်အောက်ကလေးငယ်များနဲ့ အချိန်ဖြုန်းနေပါ။
9   နိုးနေတာထက်အိမ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။
10 အသားများများ စားတာထက်အသီးအရွက်များများစားပါ။

11 ရေးများများသောက်ပါ။
12 တစ်နေ့မှာအနည်းဆုံး လူ3ယောက်ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးဖြစ်အောင်ပြုံးပြပါ။
13 အတင်းပြောခြင်းနဲ့ အချိန်တွေမဖြုန်းမိပါစေနဲ့။
14 အတိတ်ကအမှားတွေကို ပြန်အစမဖော်ပါနဲ့။ လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။
15 သင်မလုပ်နိုင်ပဲနဲ့ အဆိုးဘက်ကမမြင်ပါနဲ့။ အကောင်းဘက်မှ သင်ကိုယ်တိုင်ဝင်ခံစားပေးပါ။

16ဘ၀ဆိုတာသင်ယူစရာတွေနဲ့ပြည့်နှက်နေတဲ့ကျောင်းတစ်ခုဆိုတာသိပါ။ ပြဿနာဆိုတာသင်ရိုးညွှန်းတမ်းထဲက ပြဌာန်းချက်အပိုင်း အစတစ်ခုဖြစ်လို့ ကျောင်းမှန်မှန်တက်ပြီး ဘ၀နောက်ဆုံးအချိန်ထိ လေ့လာသင်ယူရင်း အလွယ်လေးကျော်ဖြတ်သွားပါ။
17 မနက်မှာဘုရင်လိုစား၊ နေ့လည်မှာမင်းသားလေးလိုစား၊ ညမှာသူဖုန်းစားလိုစားပါ။
18 လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီးများများပြုံးပါ။
19 ဘ၀ဟာသိပ်တိုတောင်းပါတယ်။ အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့ မုန်းနေတာတွေရှိရင်ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။

20 အလုပ်တွေလုပ်တဲ့အခါ အသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။
ခေါင်းအေးအေးထားပြီးအမှားကင်းအောင်လုပ်ပါ။
21 အငြင်းအခုန်ကိစ္စတွေအတွက် တန်ဖိုးရှိတဲ့သင့်လေတွေ ၊ အချိန်တွေကို မဖြုန်းပါနဲ့။ နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။
22 အတိတ်က ကိစ္စရပ်တွေအတွက် ငြိမ်းချမ်းရေးယူကြည့်ပါ။ လက်ရှိအခြေအနေအတွက် အထောက်အကူရလာပါလိမ့်မယ်။
23 သင့်ဘ၀ကို အခြားတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့။
24 သင့်ဘ၀ကို ပျော်ရွှင်အောင်လုပ်နိုင်တာ သင့်အပြင် တခြားလူမရှိဘူးဆိုတာသိပါ။
25 အရာရာတိုင်းအတွက် လူတိုင်းကိုခွင့်လွှတ်တတ်တဲ့ စိတ်နဲ့မြင်ကြည့်ပါ။

26 အခြားသူတွေ သင့်ကိုဘယ်လိုထင်မြင်နေပါစေ မဟုတ်ရင်သင်ခံစားမနေပါနဲ့။
27 ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လိုအပ်တဲ့အချိန်တစ်ခုကို စောင့်ကြည့်ပါ။
28 သင်နေမကောင်းဖြစ်နေလျှင် သင့်သူငယ်ချင်း(သို့) တစ်စုံတစ်ဦးက သင့်တာဝန်တွေကို လုပ်ဆောင်ပါလိမ့်မယ်။ (ကိုယ်ကျန်းမာမှာစိတ်ကျန်းမာမည်)
29 အသုံးမ၀င်တော့တဲ့ အရာတွေကို အမြန်ဖယ်ရှားပါ။ လှလှပပနဲ့ပျော်ရွှင်အောင်နေပါ။
30 မနာလိုဝန်တိုခြင်းဆိုတာ အချိန်ဖြုန်းနေတဲ့နည်းတစ်ခုပါ။ အမှန်တော့အရာအားလုံးကို သင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကိုသတိရပါ။

31 မကြာမီ အကောင်းဆုံးတွေ သင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။
32 ခံစားမှုတွေများလို့ မပြိုလဲသွားပါနဲ့။ အမြန်ထ အမြန်ပြင်ဆင်ပြီး လန်းဆန်းတက်ကြွစွာနေပြပါ။
33 သင်မှန်တယ်ထင်တာတွေကို တွေးပြီးလုပ်ပါ။
34 မကြာခဏမိသားစုနဲ့ ၀ိုင်းဖွဲ့ပြီးစကားပြောပါ။
35 သင့်ရဲ့အတွင်းစိတ်ကို အမြဲပျော်ရွှင်အောင်ထားပါ။

36 နေ့စဉ် တစ်စုံတစ်ယောက်ဆီကို ပုံမှန်လက်ဆောင်ပေးပါ။ (ငွေ၊ အရာဝတ္တု၊ စကား)
37 အလုပ်ထဲ အတိုင်းအတာတစ်ခုအထိပဲ အနစ်မွန်းခံပါ။
38 သင်သိသမျှ ပတ်ဝန်းကျင်ကိုမျှဝေပါ။

6 Responses so far.

  1. FaysaL says:

    you are clever and handy. Thanks for liking and appreciation. Stay well

    আপাকেও ধন্যবাদ !

  2. Unknown says:

    တစ်ယောက်တည်းပြုံးပြီးလမ်းလျှောက်ရင်အရူးထင်ကြမှာပေါ့မြတ်ကလေးရယ်။
    အဲလိုတော့ လုပ်ရဲဘူး။

  3. This comment has been removed by the author.
  4. လာလည်သွားပါတယ်....ဒီပို.လေးလဲမိုက်တယ်ဗျို.

  5. ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers