Monday, January 17, 2011

ချောင်းဆိုး ကင်းစင် ပြုံးပျော်ရွှင် ....

ချောင်းဆိုး ကင်းစင် ပြုံးပျော်ရွှင် ဆိုပြီး ခေါင်းစဉ်တွေ့လို့ ကိုနီဒင်းဆေးကြော်ငြာလို့ မထင်လိုက်ပါနဲ့ ပြတိုက်က သူငယ်ချင်းတို့ရေ .. ..အခုတလော ဟိုနေရာ ၊ ဒီနေရာတွေမှာ တဟွတ်ဟွတ် လေးတွေ ကြားနေ ဖြစ်နေကြတော့ ချောင်းဆိုးခြင်းနဲ့ ပါတ်သပ်ပြီး ဆောင်ရန် ရှောင်ရန်လေးတွေ ရှာဖွေတင်ပေးလိုက်ပါတယ်။ လိုအပ်တာတွေကို ပြတိုက်မိသားစု ဆရာဝန်နဲ့ တိုင်ပင်လို့ ကွန်မန့်မှာ ဖြည့်စွက်ခဲ့ကြပါလို့ ..
မြတ်ပုလဲဖြူ

ချောင်းဆိုးတာဟာ အသက်ရှူ လမ်းကြောင်းကို ယားယံအောင် လုပ်နေတဲ့ ပစ္စည်းတွေကို အသက်ရှူ လမ်းကြောင်းမှ ဖယ်ရှားပေးတဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ် တစ်ခုပါ။ ဒါပေမဲ့ အလွန်အမင်း ချောင်းဆိုး နေရင် အိပ်လို့ မရ ဖြစ်နေပြီး ခံစားရ
ခက်ခဲတတ် ပါတယ်။
တချို့ လူတွေမှာ ချောင်းဆိုး လွန်းတာကြောင့် နံရိုးတောင် ကျိုးသွား တတ်ကြ ပါတယ်။

ချောင်းဆိုးပြီး သလိပ် ထွက်တာဟာ ဓာတ် မတည့်တာ၊ အအေး မိတာ ဒါမှ မဟုတ် တခြား
အသက်ရှူ လမ်းကြောင်း ရောဂါပိုး ၀င်ရောက်တဲ့ ပြဿနာတွေ ကြောင့်ပါ။

အသက်ရှူ လမ်းကြောင်းမှာ သလိပ်တွေ ပြည့်နေ တာကြောင့် အသက်ရှူရ ခက်ခဲပြီး သလိပ်တွေကို
ခန္ဓာကိုယ် ပြင်ပ ထုတ်ပစ်ဖို့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန့်မှု အနေနဲ့ ချောင်းဆိုး
တာပါ။

ချောင်းခြောက် ဆိုးတာဟာ ဆေးလိပ် သောက်တာကြောင့် ဒါမှ မဟုတ် ဖုန်မှုန့်၊
မီးခိုးငွေ့တွေ ရှူမိပြီး လည်ချောင်း ယားယံတာ ကြောင့်ပါ။

ချောင်းဆိုးခြင်း အများစုဟာ တစ်ပတ်မှ ၁၀ ရက် အတွင်း သူ့ဘာသာသူ အလိုလို ပျောက်ကင်း သွားတတ် ပါတယ်။
ချောင်းဆိုးတာ မြန်မြန် ပျောက်ကင်း စေနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြ
ပေးလိုက် ပါတယ်။

၁။ ချောင်းခြောက်ဆိုးတာအတွက် ရေများများသောက်ပါ စွပ်ပြုတ်ရည်၊ လက်ဖက်ရည် ဒါမှမဟုတ် ရေနွေး သောက်တာကြောင့် လည်ချောင်း
နာတာနဲ့ ချောင်းဆိုးတာ သက်သာ စေနိုင်ပါတယ်။

၂။ ချင်း(ဂျင်း)
ချင်းဟာ သဘာဝ အတိုင်း ရောင်ရမ်းမှု ပျောက်တဲ့ ဆေးဖက်ဝင် ပစ္စည်းပါ။ ဒါကြောင့်
လည်ချောင်း နာတာနဲ့ ချောင်းဆိုးတာ သက်သာအောင် ချင်း ဖျော်ရည် သောက်ပါ။

၃။ Zinc ငုံဆေးပြားငုံပါ လေ့လာမှု အချို့ အရ Zinc ငုံဆေးပြားကို ငုံထား တာကြောင့် လည်ချောင်း ယားယံတာသက်သာ စေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သွပ်ဓာတ်ဟာ ပမာဏ များလွန်းရင် အဆိပ်
ဖြစ်နိုင် တာမို့ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ထက် ပို မငုံ သင့်ပါ။


၎။ ဘာအရည်မဆို အကုန်သောက်ပါ အအေးမိခြင်း ဒါမှမဟုတ် တုပ်ကွေး ဖြစ်နေစဉ်မှာ ခန္ဓာကိုယ်က အရည် တွေဟာဆုံးရှုံး သွားတတ် ပါတယ်။ အသက် ပြင်းပြင်း ရှူရတာကြောင့် လည်ချောင်း
ခြောက်သွေ့ တာနဲ့ ချောင်းဆိုးတာ ပို ဆိုးလာ တတ်ပါတယ်။ ဒါ့အပြင် အမြှေးပါး
တွေမှာ အစိုဓာတ် ရှိရင် အအေးမိ ဗိုင်းရပ်စ်ပိုးကို ပိုပြီး တွန်းလှန်
နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အနည်းဆုံး ရေ ရှစ်ခွက် သောက်ပါ။
၅။ ဗီတာမင်စီ သောက်ပါ လေ့လာမှုတွေအရ ရောဂါပိုး ၀င်တဲ့ လက္ခဏာ ရှိကာစမှာ ဗီတာမင်စီ သောက်ပေးရင်ချောင်းဆိုးတာ အပါအ၀င် အအေးမိ လက္ခဏာ ၅၀ ရာခိုင်နှုန်း သက်သာ နိုင်တယ်လို့
သိရပါတယ်။ နေ့စဉ် ဗီတာမင်စီ ၁၀၀ နဲ့ ၅၀၀ မီလီဂရမ် အတွင်း သောက်ပေးပါ။

၆။ ရေနွေးကြမ်းသောက်ပါ
ရေနွေးကြမ်းကို ပျားရည်နဲ့ ရှောက်ရည် ရောစပ်ပြီး သောက်ပါ။ ရေနွေး ပူပူ
သောက်တာဟာ ချောင်းဆိုး တာကို သက်သာ စေပါတယ်။

၇။ ကြက်သွန်ဖြူစားပါ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အအေးမိ တုပ်ကွေးနဲ့ အသက်ရှူ
လမ်းကြောင်း ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးကို တွန်းလှန် နိုင်တဲ့ သတ္တိ
ရှိပါတယ်။ နေ့စဉ် ကြက်သွန်ဖြူ နှစ်ဥမှ လေးဥ စားပေးပါ။

၈။ ကြက်စွပ်ပြုတ်သောက်ပါ
ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းလို အနံ့ အရသာ စူးစူးနဲ့ ပူပူ နွေးနွေး
အရည်တွေကြောင့် သလိပ်ခဲတွေ ပျော်ဝင် သွားနိုင် ပါတယ်။

၉။ ရေနွေးနဲ့ရေချိုးပါ တစ်နေ့ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ရေနွေးနဲ့ ရေချိုး ပေးတာကြောင့်
ရေနွေးငွေ့တွေ ရှူမိပြီး သလိပ်တွေ အဆုတ် အပြင် ထွက်လာ နိုင်ပါတယ်။ လေထု
ခြောက်သွေ့ လွန်းရင် နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်မှ အစိုဓာတ်တွေ
ဆုံးရှုံး သွားတာကြောင့် ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ပျံ့ပွား နိုင်ပါတယ်။

၁၀။ ဆေးလိပ်ကို ဝေးဝေးရှောင်ပါ သင် ဆေးလိပ် မသောက်တတ်ရင်တောင် ဆေးလိပ် သောက်သူ အနားမှာ မနေပါနဲ့။

၁၁။ ချောင်းဆိုးပျောက်ဆေး သောက်ပါ
Dextromethorphan ပါဝင်တဲ့ ချောင်းဆိုး ပျောက်ဆေးကို ည အိပ်ခါနီး သောက်ပါ။
ချောင်းခြောက် ဆိုးတာ အတွက်ပဲ သင့်တော် ပါတယ်။

၁၂။ သလိပ်ပျော်ဆေး သောက်ပါ သလိပ်ချောင်းဆိုးသူတွေအနေနဲ့ Robitussim လိုမျိုး သလိပ် ပျော်ဆေး
သောက်ပါ။

၁၃။ ရင်ပူတာကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ် ရင်ပူခြင်းကို ဖြစ်စေတဲ့ အစာအိမ်မှ အက်စစ် တွေဟာ အသက်ရှူ လမ်းကြောင်းကို
ယားယံ စေကာ ချောင်းဆိုး စေတတ် ပါတယ်။ သင်ဟာ အစာ စားပြီး ခါစ ညအချိန်မှာ
ချောင်းဆိုးရင် ဒါမှမဟုတ် လဲလျောင်း စဉ်မှာ ချောင်းဆိုးရင် အစာအိမ်
အက်စစ်ကြောင့် ဖြစ်နိုင် ပါတယ်။ အစာစားပြီး နှစ်နာရီကြာမှ လဲလျောင်းတာ
ဒါမှမဟုတ် ဦးခေါင်းကို ခပ်မြင့်မြင့် ထားပြီး အိပ်တာ ဒါမှ မဟုတ် အစာကြီး
နှစ်နပ် အစား အစာသေး ငါးနပ် စားတာတွေ ပြုလုပ်ပါ။


၁၄။ ဓာတ်မတည့်တဲ့ ပြဿနာကို ဖြေရှင်းပါ သင်ဟာ ပန်းဝတ်မှုန်၊ မှို ဒါမှ မဟုတ် တခြား ဓာတ်မတည့် ပစ္စည်း တွေကြောင့်
ချောင်းဆိုးရင် အဲဒီ ဓာတ်မတည့် ပစ္စည်း တွေကို ရှောင်ရှားပါ။ Antihistamine
ဆေးသောက်ပါ။



၁၅။ အနားယူပါ တစ်ခါတစ်ရံ ချောင်းဆိုး တာဟာ သင် ထင်ထား တာထက် ပြင်းထန်တဲ့ ပြဿနာ
(ဥပမာ-နမိုးနီးယား) ဖြစ်နိုင်တာမို့ ချောင်းဆိုး နေရင် အနားယူပါ။


၁၆။ ပူရှိန်းသကြားလုံးငုံပါ သကြားလုံး စုပ်တာကြောင့် တံတွေးတွေ ပိုထွက် လာပါတယ်။ တံတွေးနဲ့ သကြားလုံးမှအရည်တွေ ပေါင်းစပ်ပြီး ယားယံ တာကို သက်သာ စေလို့ပါ။

၁၇။ ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ ချောင်းဆိုးတာ သွေးပါရင် ဒါမှမဟုတ် နှစ်ပတ်ထက် ကျော်ပြီး ချောင်းဆိုး နေရင်ဆရာဝန်နဲ့ ပြပါ။

ကင်ဆာ ရောဂါနဲ့ ရင်ပူတဲ့ ရောဂါ တွေကြောင့် အမြဲတမ်း ချောင်းဆိုး တတ်ပါတယ်။
ချောင်းဆိုး တာဟာ စူးစူး ရှရှ ရင်ဘတ် အောင့်တာ၊ ချမ်းတုန်တာ ဒါမှ မဟုတ်
အဖျား ၁၀၁ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်တာနဲ့ အတူတူ တွဲဖြစ်ရင် အဆုတ်ရောင်
ရောဂါ နမိုးနီးယားကို သတိထားပါ။

ချောင်းဆိုးတာက တရွှီရွှီ မြည်သံ၊ အသက်ရှူ မ၀တာ ဒါမှမဟုတ် ခြေထောက်
ဖောရောင်တာနဲ့ တွဲဖြစ်ရင် နှလုံး အလုပ် မလုပ်နိုင်တာ ဖြစ်နိုင် တာမို့
ဆရာဝန်နဲ့ ချက်ချင်း ပြပါ။

ရေးသားသူ။ ။ဒေါက်တာခင်မိုးမိုး

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers