Sunday, June 03, 2012

ဓမ္မမှတ်စုများ

ဂုဏ်အလှ
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း ။
ရွှေဂုဏ်ငွေဂုဏ် ရာထူးဂုဏ်သည်
လူ့ဘုံလောက အကာမျှတည့်
သူကငြူစူ မကြည်ဖြူ၍
ခွာယူလိုက ခွာ၍ရ ။
ရိုးဂုဏ်ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည့်
သူကငြူစူ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ ။
ဇော်ဂျီ

ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း
ပါယ်လေးဝ သောကဘုံမှာ
မျောရရုံရှိတော့မခန်း
အောက်ဝီစိ သောင်းအငူမှာ
ခေါင်းမပြူစတမ်း
နှစ်အရှည် နစ်မည့်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်
ဒေသနာထင် အလင်းရယ်နှင့်
နင်အဖျင်းပိုထက်သာပို
သည်လောဘ စရိုက်အိုကို
မလိုက်လိုရှောင်ပစ်လို့
နောင်အသစ်တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာတုန်းမှာ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား
(လယ်တီဆရာတော်)

အလေးအမြတ်ပြုရမည့် အရပ်ခြောက်မျက်နှာ


၁။ အမိအဖတို့သည် ရှေးဦးစွာ ကျေးဇူးပြုတတ်သောကြောင့် အရှေ့အရပ် မည်ကုန်၏။

၂။ ဆရာသမားတို့သည် (ဒက္ခိဏ) တပည့်တို့၏ မြတ်သော အလှူကို ခံထိုက်သောကြောင့် တောင်အရပ် မည်ကုန်၏။

၃။ သားမယားတို့သည် နောက်မှ လိုက်တတ်သောကြောင့် အနောက်အရပ် မည်ကုန်၏။

၎။ မိတ်ဆွေကောင်းတို့သည် ထိုထိုဘေးဒုက္ခတို့မှ လွတ်မြောက်စေတတ်သောကြောင့် မြောက်အရပ် မည်ကုန်၏။

၅။ ကျေးကျွန်တို့သည် မိမိအောက်၌ တည်သောကြောင့် အောက်အရပ် မည်ကုန်၏။

၆။ ရဟန်းသူမြတ်တို့သည် ဂုဏ်အားဖြင့် မိမိအထက်၌ တည်သောကြောင့် အထက်အရပ် မည်ကုန်၏။
နောင်တဆယ်မျိုး

၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း
၂။ ဥစ္စာ မစုဆောင်းမိခဲ့လေခြင်း
၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း
၎။ သူတပါးအသက်ကို သတ်မိခဲ့လေခြင်း
၅။ သူတပါးသားမယားကို ပြစ်မှားမိခဲ့လေခြင်း
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း
၉။ ပညာရှိထံနည်းခံ၍ မသင်ကြားမိခဲ့လေခြင်း
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း
(ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်)(ကဏန်းပုတ်သင်၊ ကိုင်းပင်နွားသိုး၊ လိပ်မျိုးခွေးအ၊ ဤခြောက်ဝ၊ နာယကမတင်ထိုက်။)

သူတော်ကောင်းဥစ္စာခုနှစ်ဖြာ

၁။ သဒ္ဓာ = ယုံကြည်ခြင်း။

၂။ သီလ = ကိုယ်နှုတ်စောင့်စည်းခြင်း။

၃။ ဟီရိ = မကောင်းမှု ဒုစရိုက်ပြုရမှာ ရှက်ခြင်း။

၎။ သြတ္တပ္ပ = မကောင်းမှု ဒုစရိုက်ပြုရမှာ ကြောက်ခြင်း။

၅။ သုတ = အကြားအမြင်များခြင်း။

၆။ စာဂ = စွန့်ကြဲပေးကမ်းခြင်း။

၇။ ပညာ = ဟုတ်မှန်စွာသိခြင်း။
“ရှာတာကသုခ၊ ရတာကဒုက္ခ”
ချမ်းသာ တစ်ခု၊ လိုလား မှုကြောင့်၊ ပုပုရွရွ၊ ရှာဖွေကြလည်း၊ ဒုက္ခပင်လယ်၊ ကျယ်ထက် ကျယ်သည်၊ ရွယ်တိုင်းမမြောက်ကြပါတကား”
ပုထုဇဉ်.၄ မျိုး
၁။    အန္တဗာလ ပုထုဇဉ်............ကံကံရဲ့ အကျိုးကို မသိ.မယုံကြည်....ကုသိုလ်..အကုသိုလ်..မသိ             ထို့ကြောင့် အကုသိုလ်အလုပ်များအား လုပ်လျှင် စိတ်လိုက်မာန်ပါလုပ်တတ်သူများ

၂။   အန္တပုထုဇဉ်......................ကံကံရဲ့အကျိုးကိုသိ...ယုံကြည်..ကုသိုလ်..အကုသိုလ်ကိုသိ.....
      ထို့ကြောင့် အကုသိုလ်အလုပ်များအားရှောင်ပြီး ကုသိုလ်အလုပ်များကို တတ်အားသမျှလုပ်တတ်သူများ

၃။     ကလျာဏပုထုဇဉ်...............ကံကံရဲ့အကျိုးကို သိ..ယုံကြည် တဲ့အပြင်....
        ရုပ်..နာမ်...ခနာ...အာယတန...ဓါတ်တို့ဧ။်သဘောအဓိပါယ်အားသိသောသူများ


၎။      စူဠသောတပန်ပုထုဇဉ်..........ကံကံရဲ့အကျိုးကို သိ..ယုံကြည် တဲ့အပြင်....ရုပ်..နာမ်...ခန္တာ.
         အာယတန...ဓါတ်တို့ဧ။် သဘောအဓိပါယ်အားသိအကျယ်အားဖြင့်လည်းနားလည်ပြီး.....
         ထို ရုပ်..နာမ်..ခန္တာတို့ဧ။်ဖြစ်လာသောအကြောင်းအရင်းကို ပိုင်းခြားသိသောသူများ

မဂ္ဂင်ရှစ်ပါး

၁။ သမ္မာဒိဋ္ဌိ၊ မှန်ကန်သော အသိအမြင်။ (ပညာမဂ္ဂင် ၂-ပါး၊)
၂။ သမ္မာသင်္ကပ္ပ၊ မှန်ကန်သော အကြံအစည်။
၃။ သမ္မာဝါစာ၊ မှန်ကန်သော စကားကို ပြောဆိုခြင်း။ (သီလမဂ္ဂင် ၃-ပါး၊)
၎။ သမ္မာကမ္မန္တ၊ မှန်ကန်သော အမှုကို ပြုခြင်း။
၅။ သမ္မာအာဇီဝ၊ မှန်ကန်သော အသက်မွေးခြင်း။
၆။ သမ္မာဝါယာမ၊ မှန်ကန်သော အားထုတ်ခြင်း။ (သမာဓိမဂ္ဂင် ၃-ပါး၊)
၇။ သမ္မာသတိ၊ မှန်ကန်သော ဆင်ခြင်အောက်မေ့ခြသူ့ကိုချီးမြောက်၊ ကိုယ်ဂုဏ်မြောက်၏

ယွင်းဘောက်အလို၊ ၀န်မတိုနှင့်

သူ့ကို ဂုဏ်နှိမ့် ၊ ကိုယ်ဂုဏ်နိမ့်၏

စည်းစိမ်အရာ၊ သူချမ်းသာနှိုက်

ဣဿာမပြု၊ ၀မ်းမြောက်ရှုလော့။

သူ့ကိုစောင့်မှ၊ သူက ကိုယ်ကို

ကြည်ညိုမေတ္တာ၊ စောင့်နိုင်ရာ၏။ (မာဃဒေ၀ ၁၈၅)
မလုပ်မပြော၊ လုပ်မှပြော၊ မနောစင်လှစေ၊ အပြောသာချဲ့၊ အလုပ်မဲ့၊ ကဲ့ရဲ့ မလွတ်ချေ..
အယူတစ်စောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလဲကံ၊ ကောင်းလည်း ကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ကံမွဲဉာဏ်နုံ့ ၊ မလုံ့မလ၊ နတ်မမဘူး
မလွှတ်ကာမ၊ မရသတိ၊
မရှိဆရာ၊ မပါအင်အား၊
မထားလုံ့လ၊ ဤငါးဝ၊
တရားမရကြောင်းတည်း...
(က၀ိဗန္ဓနကထာ)
ရာဂပါးမှ တရားမြင်သည်။
ဒေါသပါးမှ သနားကြင်သည်
မောဟပါးမှ အမှားမြင်သည်။
ထိုသုံးပါး မနားမနေနှင့်...
(က၀ိဗန္ဓနကထာ)
တစ်နေကွယ် သေနယ်သို့ တစ်ခါမကူးခင်၊
 ကောင်းမှုတစ်ခု ပြုပါနေ့စဉ်...
ရုပ်နာမ်ဓမ္မ သင်္ခါရတို့၊ ကိုယ်ကဤပုံ

ဖြစ်လိုတုံလည်း၊ တဖုံဆင်ကွဲ သူတနဲဖြင့်
ဖေါက်လွဲတက်စွာ ဓမ္မတာကို၊
ပညာစက္ခု၊ မြှော်ထောက်ရှု၍
ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက် ဤခါရောက်မှာ၊ ချုပ်ပျောက်ခန္ဓာ
သေပိမ့်ငါ-ဟု၊ သတ္တ၀ါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက်၊ ချိန်းအချက်လျှင်
တစ်စက်ကမှ မရှိကြဘူး။
“အပမာဒေန ဘိက္ခဝေ သမ္ပာဒေထ”
ဘုရားစကား လိုက်နာပွားသည်
တရား လက်မလွတ်စေနှင့်။
(မင်းကွန်းဆရာတော်)
ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။
တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။
တကယ့်အရေး၊ တကယ်ဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။
ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။
ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။
ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြှိုက်တော့သည်။
မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။
ဒါနသီလာ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။

ဒိဠိသေအောင် အရင်မပြပဲ အရဟတ္တမဂ်နဲ့သာတန်တဲ့ တဏှာသတ်တရားကို ဟောတော့ နာမ်နဲ့မတား နားနဲ့မတန်တာကိုဟောပြီး ယုတ်တမ်း ရမ်းတုပ်နေကြတယ်

"မင်တို့ဥာဏ်အမြင်၊ တစ်မိုက်တစ်ထွာရယ်နှင့်၊

ငြင်းဖို့သန်လျင်၊ မိုက်ရာကျပါလိမ့်၊

စရိုက်သဘာဝရယ်တဲ့ ကျမ်းဂန်နွယ်။

အိုမန်းသံ ထယ်ထယ်နှင့်၊ မာနတက်စရာ အများ

(ခင်ခင်ရယ်)အရမ်းတန်မဟယ်ဖြင့်

ဗာလလက္ခဏာတစ်ပါး။ ။

(သခင်ကိုယ်တော်မှိုင်း)
"
လောကီချမ်းသာ လောကုတ္တရာချမ်းသာ နှစ်တန်လုံးကို ပွါးများလေ့ကျင့်ထားသော
စိတ်ကဆောင်နိုင်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံး ပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို
စိတ်အလေ့ အကျင့်ဖြစ်သည်ရရှိ၊ ရောက်ရှိနိုင်သည်။
အပြောအဆို ဆင်ခြင်ရုံ၊ အပြုအမူစောင့်စည်းရုံဖြင့် မရနိုင် မရောက်နိုင်ချေ။
စိတ်ကိုလေ့ကျင့် ပွါးများရန်အတွက် ဘာဝနာပွါးကြရသည်။ သမထဘာဝနာ
ဝိပဿနာ ဘာဝနာတို့ကို လက်တွေ့ကျင့်သုံးကြရသည်။


ထေရ၀ါဒ နှင့် ပတ်သက်သော မှတ်ချက်များ
(နန္ဒာသိန်းဇံ)

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers