Sunday, November 18, 2012

လည်ချောင်းနာခြင်း

လည်ချောင်းနာခြင်းဟာ ကလေးငယ်တွေမှာ အဖြစ်များတတ်ပြီး အချိန်သိပ်ပြီး မကြာဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ အချိန် သုံးရက်လောက် ကြာချိန်မှာ သူ့အလိုလို ပျောက်သွားတတ်ကြပေမယ့် ခံရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။ လည်ချောင်းနာတာက Streptococci ဘက်တီးရီးယားပိုးကြောင့် အဖြစ်များတတ်ပြီး လည်ချောင်းနာခြင်းနဲ့အတူ ခေါင်းကိုက်တာ နဲ့ ကိုယ်အပူချိန် တက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရောဂါပိုးဝင်ခြင်းကို ပြန်လည်ကုသရမှာ ဖြစ်တဲ့အတွက် ပဋိဇီဝ ပိုးသတ်ဆေးတွေသောက်ဖို့ လိုပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သဘာဝနည်းလမ်းလေးတွေနဲ့ ကုသနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ပန်းသီးရှာလကာရည်သုံးပါ

လည်ချောင်းနာတာက ဘက်တီးရီးယားမျိုးစုံကြောင်
့ ဖြစ်တာမျိုးပါ။ ရှာလကာရည်မှာ သဘာဝ ရောဂါပိုး တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ရေတစ်ခွက်ထဲကို ရှာလကာရည် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံလောက် ပေါင်းထည့်ကာ လည်ချောင်း အရမ်းနာတယ်လို့ ခံစားရချိန်တိုင်း သောက်ပေးပါ။ ဘက်တီးရီးယားကြောင့် လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။

ဒိန်ချဉ်သုံးပါ

ကျန်းမာရေး အထောက်အကူပြု ဘက်တီးရီးယားတွေ များစွာပါဝင်တဲ့ ဒိန်ချဉ်ဟာ လည်ချောင်းနာစေတဲ့ ဘက်တီးရီးယားတွေကို သက်သာစေနိုင်ပါတယ်။ ဒိန်ချဉ် တစ်ခွက်လောက်ကို လည်ချောင်းနာနေစဉ်မှာ ပုံမှန်သောက်ပေးပါ။ မနက်စာ စားချိန်မှာလည်း ဒိန်ချဉ် သောက်ပေးနိုင်ပါတယ်။ ဒိန်ချဉ်သောက်ပြီး နာရီဝက်လောက်ကြာမှ တခြားအစားအစာတွေကို စားပေးပါ။

ကြက်သွန်နီသုံးပါ

ကြက်သွန်နီမှာ ရောဂါပိုးတွေကို ကာကွယ်နိုင်တာနဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်တဲ့ သဘာဝ အာနိသင်တွေ ပါဝင်ပါတယ်။ လည်ချောင်းမှာရှိတဲ့ လည်ချောင်းနာစေတဲ့ ရောဂါပိုးတွေကိုလည်း ခြေဖျက်ပေးနိုင်ပါတယ်။ ကြက်သွန်နီ အရည်ဟာ အရမ်းကို ပူစပ်လွန်းတယ်လို့ထင်ရင် ရေနဲ့ရောပြီး သောက်ပေးနိုင်ပါတယ်။ တစ်နေ့မှာ သုံးကြိမ်လောက် သောက်ပေးနိုင်ပါတယ်။ တစ်ခါသောက်ရင် ကြက်သွန်ဥအရွယ်တော် တစ်လုံးပါ။


ကြက်သွန်ဖြူသုံးပါ

ကြက်သွန်ဖြူက ခန္ဓာကိုယ်တွင်း ဘက်တီးရီးယားတွေ မဝင်အောင် ခုခံနိုင်တဲ့ အာနိသင်ရှိပါပြီး ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ လည်ချောင်း ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ခြေပြီး လက်ဖက်စားဇွန်းနဲ့ လေးပုံတစ်ပုံလောက်ကို ရေတစ်ခွက်ထဲမှာရောပြီး သောက်ပါ။

ဆီကုထုံး ခံယူပါ

သံလွင်ဆီ ဒါမှမဟုတ် ဗာဒံစေ့အဆီကိုလည်း သုံးလို့ရပါတယ်။ လက်ဝါးပေါ်မှာ ဆီအနည်းငယ် အစက်ချပြီး သံပရာရည် သုံးစက်၊ စမုန်ဖြူမှုန့် အနည်းငယ်နဲ့ ပျစ်နေအောင် သမလိုက်ပြီး လည်ချောင်းအပေါ်နားကနေ လိမ်းပေးကာ ပိတ်စပါးပါးလေးနဲ့ အုပ်ထားလိုက်ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းက ဆီအနည်းငယ်ကို ဆူနေတဲ့ ရေထဲကိုထည့်လိုက်ကာ ထွက်လာတဲ့အငွေ့ကို ရှူပါ။ သစ်ကြားသီးနှင့် ပျားရည်သစ်ကြားသီးကို ပျားရည်နဲ့ ရောပြုတ်ပြီး စားပေးတာဟာ လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာတွေကိုပါ သက်သာစေနိုင်ပါတယ်။ နေကြာဆီစားပါ နေ့စဉ်စားနေကျ အစားအစာတွေထဲကို နေကြာဆီ အနည်းငယ်ထည့်ပြီး စားပေးပါ။ နေကြာဆီက လည်ချောင်းနာတာနဲ့ အသံဝင်တာတွေကို ကုသရာမှာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိပါတယ်။ နေ့စဉ် နေကြာဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် ထည့်စားပေးပါ။

ဆားနှင့် ဆော်ဒါသုံးပါ

ရေတစ်ခွက်ထဲကို ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ထည့်မွှေကာ မနက် အိပ်ရာက နိုးလို့ မျက်နှာသစ်ပြီးချိန်မှာ လည်ချောင်းထဲထိ ရောက်အောင် အာလုတ်ကျင်းပေးပါ။ နှစ်ရက်လောက် ဆက်တိုက်ပြုလုပ်ပေးရင် လည်ချောင်းနာတာကို သက်သာသွားစေပါတယ်။


အေးခဲတာတွေကို ခဏရှောင်ပါ

လည်ချောင်းနာနေချိန်မှာ ကလေးငယ်တွေကို ရေခဲမုန့်နဲ့ အေးခဲအောင် ပြုလုပ်ထားတဲ့ ဂျယ်လီတွေ မကျွေးပါနဲ့။ လည်ချောင်းနာတာကို ပိုဆိုးစေနိုင်တာကြောင့်ပါ။ ပြင်ပမှာ ပြုလုပ်ရောင်းချတဲ့ ရေခဲမုန့်နဲ့ ဂျယ်လီတွေကို ကျွေးမယ့်အစား အိမ်မှာပြုလုပ်ထားတာမျိုးကို ကျွေးပါ။ ဂျယ်လီကို အိမ်မှာ ကျောက်ကျောမှုန့်နဲ့ သစ်သီးတွေကို ရောနှောပြုလုပ်ပြီး အေးခဲနေတာကို လျှော့ကာ ကျွေးနိုင်ပါတယ်။ ကလေးကို မကျွေးခင် ရေခဲသေတ္တာထဲကနေ ခဏထုတ်ထားလိုက်ကာ အေးတဲ့အရှိန် လျော့သွားမှ စားပါစေ။

သဲသဲ
http://satekuupuyar.blogspot.com/2012/11/blog-post_6224.html

One Response so far.

  1. Unknown says:

    အလည်လာတယ်ဗျ

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers