Thursday, November 17, 2011

ကိုယ့်စိတ်လေးနဲ့ ကိုယ် အဖော်ပြုပါ …

ကိုယ်ချစ်တဲ့သူတွေက အကြောင်းအမျိုးမျိုးကြောင့် အလုပ်တွေများပြီး ကိုယ့်ကို အရင်လောက် ဂရုစိုက်မှု မပေးတော့တဲ့အခါ ရင်ထဲမှာ တိတ်တိတ်လေးကြေကွဲ ခဲ့ရတယ်… အရင်နဲ့ အခုဟာ လုံးဝကွာခြားသွားခဲ့ပါပြီ..အရာအားလုံးဟာ မတူတော့ပဲ ပြောင်းလဲသွားတတ်တာ သဘာဝတရားတစ်ခုလေ.. ဒီလိုပါပဲ.. အခုတော့ တရားဓမ္မတွေ နာရတဲ့ အကျိုးကြောင့် ကိုယ့်စိတ်ထဲက သောကတွေ ဖြေဆေးပေးနိုင်ခဲ့ပါပြီ.. စိတ်ညစ်စရာ စိတ်ဆင်းရဲစရာ အဆင်မပြေတာ အလိုမကျတာတွေ ဖြစ်ပေါ်လာခဲ့ရင်လေ …အော် .. သူက သူ ..ကိုယ်မှမဟုတ်ပဲ…ကိုယ့်လိုအပ်ချက်မဖြည့်နိုင်ပေးနိုင်တာနဲ့ ကိုယ့်ဘာသာ စိတ်ဆင်းရဲနေရင် ကိုယ်ပဲ ခံစားရမှာပဲ မဟုတ်လား…အဲ့ဒီတော့ ကိုယ်ဖြစ်ချင်နေတာ လိုချင်နေတာ ရယူချင်တဲ့ ကိုယ်ဆန္ဒတွေကိုပဲ မများအောင် မပြင်းထန်အောင် လျော့ချရပါတယ်..လူတိုင်း ပျော်ရွှင်မှုကို လိုချင်ကြတယ်.. ချစ်သူ၊ ရည်းစားတွေ ထားကြတာလည်း ဒီလိုပဲ ပျော်ချင်လို့ ပျော်စရာကောင်းလို့ပဲမဟုတ်လား..ကိုယ့်ကို သူက အချစ်ခံရတဲ့ ခံစားချက်၊ ဂရုစိုက်တန်ဖိုးထားမှုတွေအတွက် အရင်က ပြောမပြတတ်အောင် ပျော်ရွှင်ခဲ့ရဖူးတယ် မဟုတ်လား..လူတွေရဲ့ စိတ်ကလည်း ရခဲ့ဖူးတဲ့အရာတွေ အကြောင်းအမျိုးမျိုးကြောင့် မရတော့တဲ့အခါမှာ စိတ်ဆင်းရဲတတ်ကြတာ မဆန်းပါဘူး..ဘ၀က လက်တွေ့ကျတယ် ..အချစ်ကတော့ စိတ်ကူးယဉ်ဆန်ပါတယ်..ဘ၀မှာ အရင်တုန်းကတော့ ဘာတွေ ဘယ်လို လုပ်မယ်ဆိုပြီး မျှော်လင့်ချက်ကြီးကြီးတွေ စိတ်ကူးယဉ်ခဲ့ဖူးတယ်..အခုတော့ ဘာမှမသေချာမရေရာတဲ့ ဘ၀ဆိုတာ သိလာလို့ မဖြစ်သေးတဲ့အနာဂတ်ကို ကြိုတွေးပြီး စိုးရိမ်ပူပန်မှုတွေလည်း မဖြစ်တော့ပါဘူး..လက်ရှိအချိန်လေးမှာလည်း ပျော်ရွှင်အောင်နေတော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ.. ဘယ်သူ့အပေါ် ဘယ်အတွက်မှ ဘာအကြောင်းကြောင့်နဲ့မှ သောက မဖြစ်အောင် နေဖို့ ကြိုးစားပါတော့မယ်..ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီ၊ နောင်ရေးကလဲ မရောက်သေးပါဘူး။ အခုဆိုတာက ချက်ချင်းဆိုတော့ စိတ်ချမ်းသာဖို့ပဲ အဓိကထားပါတယ်လေ.. ကိုယ့်ကိုအဖော်ပြုမယ့်သူ မရှိတဲ့အခါ တစ်ယောက်ထဲ စာဖတ်ပါ..စာရေးပါ..သီချင်းနားထောင်ချင်ရင်ထောင် တရားနာချင် နာပါ..ကိုယ်ဝါသနာပါရာ တစ်ခုခု လုပ်လိုက်ပါ..ဘယ်သူမှ ကိုယ့်ကို အမြဲအဖော်ပြုပေးနိုင်မှာ မဟုတ်တဲ့အတွက် ကိုယ့်စိတ်ကလေးနဲ့ကိုယ် စိတ်ချမ်းချမ်းသာသာနေနိုင်အောင် အဖော်ကောင်းလေး ပြုပေးလိုက်ပါ.. ဘယ်အရာမှ အမြဲမ၇ှိဆိုတဲ့ တရားသဘောလေးကို ဆင်ခြင်လိုက်မယ်ဆိုရင်ဖြင့် ဖြစ်ခဲ့ပြီးတဲ့အရာတွေအတွက် ပြန်တွေး စိတ်ဆင်းရဲစရာမလိုသလို မဖြစ်သေးတာတွေအတွက်လည်း ကြိုတွေး ကြောက်ရွံမနေပါနဲ့တော့လို့ ကိုယ့်စိတ်လေးကို အားပေးရင်း .. ကောင်းတာတွေပဲ တွေး ..ကောင်းတာတွေပဲ ကြံရင်း.. ကောင်းတာလေးကိုပဲ လုပ်လိုက်ကြရအောင်နော်…No Men Is Perfect ! What You See the World Is Absolutely Depends On How You Look It At…

မြတ်ပုလဲဖြူ

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers