Monday, March 28, 2011
အွန်လိုင်းမှ တစ်ဆင့် အဝေးပြေး ကားလက်မှတ် ဝယ်မလား
အွန်လိုင်းမှတစ်ဆင့် အဝေးပြေး ကားလက်မှတ် ဝယ်ယူနိုင်သည့် ဝက်ဘ်ဆိုက်  (easyticket.asia) ပေါ်ထွန်းလာပြီ ဖြစ်ကြောင်း၊
http://www.easyticket.asia/
အဆိုပါ ဝက်ဘ်ဆိုက်မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖြစ်ကြောင်း၊ အဝေးပြေး ကားလက်မှတ် (easyticket) ကို easy ticket logo နှင့် easy ticket ကြော်ငြာ ကပ်ထားသော အင်တာနက်ကဖီး ဆိုင်များတွင် ဝယ်ယူနိုင်သည်။
ယင်းသို့ ဝယ်ယူရာတွင် ကွန်ပျူတာ၌ ထိုင်ခုံဇယားကိုကြည့်ကာ စိတ်ကြိုက် ထိုင်ခုံနေရာကို ရွေးချယ်နိုင်ကြောင်း၊ လက်မှတ် ဈေးနှုန်းကို မတိုးမြှင့်ဘဲ အွန်လိုင်း ဝန်ဆောင်ခမှာ ၂၀၀ ကျပ်သာ ဖြစ်ကြောင်း၊ အိမ်အရောက် လက်မှတ် ပို့ဆောင်မှာ တစ်စောင်အတွက် ၄၀၀ ကျပ်၊ နှစ်စောင်အတွက် ၇၀၀ ကျပ်၊ သုံးစောင်နှင့်အထက် ၁၀၀၀ ကျပ်သာပေးရမည် ဖြစ်ကြောင်း၊ ယင်းသို့ စိတ်ကြိုက် အလွယ်တကူ ဝယ်ယူနိုင်ခြင်းဖြင့် လက်မှတ် ဝယ်ယူရေးအတွက် အချိန်ကုန်လူပန်းမဖြစ်ဘဲ လွယ်ကူမြန်ဆန် အဆင်ပြေကြောင်း သိရသည်။
ကားလိုင်းများ
ယင်းသို့ လက်မှတ် ဝယ်ယူနိုင်သည့် ကားလိုင်းများမှာ အောင်မင်္ဂလာအဝေးပြေးကားဝင်း အတွင်းရှိ ရွှေမန်းသူ၊ နယူးမန္တလာထွန်း၊ မန္တလာမေ၊ တက်လမ်း၊ အာကာသ၊ ရွှေစင်စကြာ၊ ရွှေမန္တလာ၊ ရွှေသလ္လာ၊ တောင်ပေါ်သား၊ အာရှ၊ ရိုးမ၊ ထက်ဦး၊ ဂန္တဝင်၊ ဝင်းရတနာ၊ ထိပ်တန်း၊ ကြံတိုင်းအောင်၊ စတား၊ ကောင်းသစ်စံ၊ ရွှေနဒီ၊ စိနဝင်းနှင့်ရောင်းရင်းများ၊ သန်းဌေးနှင့်ရောင်းရင်းများ စသည့် ကားများဖြစ်ကြောင်း သိရသည်။
ခရီးစဉ်များ
အဆိုပါ အဝေးပြေးကားများ၏ ခရီးစဉ်များမှာ ကျိုက်ထီးရိုး – မော်လမြိုင်၊ မန္တလေး – ပြင်ဦးလွင်၊ ပုဂံညောင်ဦး – ပခုက္ကူ၊ စစ်ကိုင်း – မုံရွာ – မြင်းခြံ၊ မိတ္ထီလာ – တောင်ကြီး၊ မကွေး – ဆင်ဖြူကျွန်း၊ နေပြည်တော် ပျဉ်းမနား – နေပြည် တော်၊ ပုသိမ် – ချောင်းသာ – ငွေဆောင်၊ ပြည် – ကြံခင်း – မြန်အောင်၊ လားရှိုး – မူဆယ်၊ သထုံ – ဘားအံ၊ ကော့ကရိတ် – မြဝတီ၊ ထားဝယ် – မြိတ် – ကော့သောင်း၊ စစ်တွေ – အမ်း – တောင်ကုတ် စသည်တို့ ဖြစ်ကြောင်း သိရသည်။
အိမ်အရောက် ပို့သည့် မြို့နယ်များ
လက်မှတ်များ အိမ်အရောက် ပေးပို့ရာတွင် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဆိပ်ကြီးခနောင်တို နှင့် ဒလမြို့နယ်များမှလွဲ၍ ကျန်ရန်ကုန်မြို့နယ်များ အားလုံးသို့ ပေးပို့ကြောင်း သိရသည်။
ကြိုတင်ငွေ
မိမိအိမ် သို့မဟုတ် ရုံးရှိ အင်တာနက် ကွန်ပျူတာဖြင့် အွန်လိုင်းမှ လက်မှတ် ဝယ်ယူလိုပါက easy ticket ၏ prepaid member ဖြစ်ရန်လိုအပ်ကြောင်း၊ အနည်းဆုံး ကြိုတင်ငွေ ကျပ် ၆,၀၀၀ ပေးသွင်း ထားရန် လိုကြောင်း။ လက်မှတ် ထုတ်ယူရန် မိမိ ကွန်ပျူတာဖြင့် ချိတ်ဆက်ထားသော printer ရှိရန် လိုအပ်ကြောင်း၊ prepaid card ၏ လက်ကျန်ငွေ သိလိုလျှင် user file ရှိ check balance တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းအား တည်ထောင်သူ ဦးအောင်ကျော်အား မေးမြန်းခဲ့ရာ.......
ဒီလုပ်ငန်းကို ဘယ်လိုစိတ်ကူးရပြီးလုပ်ဖို့ အစီအစဉ်ဖြစ်လာခဲ့တာလဲ။
အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်တာ စိတ်ဝင်စားတယ်။ ပြီးတော့ တီထွင်ဆန်းသစ်တဲ့ ဝန်ဆောင်မှုမျိုးနဲ့ ဝန်ဆောင်မှု ပေးချင်တယ်။ ဒီလိုလုပ်တဲ့အခါမှာ အရင်းအနှီး နည်းမယ်၊ ခရီးသည်တွေအတွက် တကယ်ထိရောက်မယ့် ဝန်ဆောင်မှု ဖြစ်မယ်ပေါ့။
အဲဒါကို ကျွန်တော်က သွားတွေးမိပြီးတော့မှ ဒီလစ်ဟာနေတဲ့ ကွက်လပ်ကို ဖြည့်ပေးတဲ့ သဘောအနေနဲ့ လုပ်ဖြစ်တာပါ။ ဒီလုပ်ငန်းဟာ ခရီးသည်တွေအတွက် အများကြီး အကျိုးရှိပါတယ်။ အဓိကအားဖြင့် အချိန်ပါ။ အွန်လိုင်းကဝယ်တော့ အချိန်ကုန် သက်သာတယ်၊ စိတ်ကြိုက် ထိုင်ခုံနေရာ ရတယ်ပေါ့။
အခုတော့ ထိုင်ခုံအပြည့် အားလုံးတော့ မရသေးဘူး။ နောက်ပိုင်းမှာ ကားဂိတ်တွေက အင်တာနက် သုံးလာရင် ကွန်ပျူတာမှာ ခုံနေရာ ဇယားကို အကုန်ကြည့်ပြီး ရွေးခွင့်ရမှာ ဖြစ်ပါတယ်။ နောင်တွင် ကျွန်တော်တို့ တိုင်းပြည်မှာ credit card လိုကတ်မျိုးတွေ လုပ်လာကြတော့မှာဖြစ်ပါတယ်။
အဲဒီလို အွန်လိုင်း ငွေပေးချေမှုစနစ် ပေါ်လာပြီဆိုရင် လက်မှတ်ဝယ်ယူရေးဟာ အချိတ်အဆက်မိပြီး လွယ်လွယ်ကူကူ အဆင်ပြေပြေ စိတ်ချမ်းချမ်းသာသာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်သူတွေ အနေနဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းတဲ့ ဝန်ဆောင်မှုမျိုးကို ကျွန်တော်တို့ ရစေချင်တဲ့ စိတ်ရင်းစေတနာလည်း ရှိပါတယ်။
ဒီလုပ်ငန်း လုပ်မယ်ဆိုတော့ နိုင်ငံခြား လေ့လာမှုမျိုးရော လုပ်ခဲ့ရပါသလား။
ဟုတ်ကဲ့၊ လုပ်ခဲ့ရပါတယ်။ အဓိက ကတော့ နည်းပညာ ပြဿနာပါ။ ဒါကြောင့် ဆော့ဝဲလ်ရေးတဲ့ အပိုင်းဟာအများကြီး အရေးကြီးပါတယ်။ အင်တာနက် တင်မှာဖြစ်တဲ့အတွက် hardware အပိုင်း လုပ်ရပါတယ်။
လက်ရှိသုံးနေတဲ့ ကွန်ပျူတာတွေနဲ့ သုံးလို့ မရပါဘူး။ ဆာဗာတွေ ဝယ်ရတယ်၊ ဒါကြောင့် သေချာလေ့လာပြီး လုပ်ခဲ့ရပါတယ်။ ဝန်ဆောင်မှု ပေးနေတဲ့ အခါမှာလည်း စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ပြီး ကောင်းသည်ထက်ကောင်းအောင် အဆင့်မြင့်မြင့် သွားဖို့ အစီအစဉ်တွေ ပါတယ်။
ဘယ်နိုင်ငံတွေလေ့လာခဲ့ပါသလဲ။
နိုင်ငံခြားမှာ အဓိက ခေတ်စားတာ လေယာဉ်လက်မှတ် အွန်လိုင်း ရောင်းချ ဝယ်ယူတာ ဖြစ်ပါတယ်။ ကားလက်မှတ် အွန်လိုင်းဝယ်တာ ဥရောပမှာ ခေတ်မစားဘူး။ အိန္ဒိယမှာ နည်းနည်း ရှိတယ်။ စင်ကာပူမှာ နည်းနည်း ရှိတယ်။ ထိုင်းမှာလည်း နည်းနည်း ရှိတယ်။ သူတို့ဆီမှာ ကားစီးတဲ့ card တွေရှိတယ်။
အခုလုပ်ငန်း လည်ပတ်မှုက ဘယ်လိုပုံစံနဲ့သွားနေလဲ။
လက်ရှိ ကျွန်တော်တို့ သွားနေတာက ဖရန်ချိုင်း ပုံစံနဲ့ သွားနေတယ်။ နေရာကောင်းမယ်၊ ကွန်ပျူတာ ရှိမယ်၊ အင်တာနက်ရှိမယ်ဆိုရင် အဲဒီမှာကျွန်တော်တို့ ဝန်ဆောင်မှုကို ယူရောင်းလို့ရတယ်။
စီးပွားရေးအရ တွက်ခြေကိုက်မှုကိုကော ဘယ်လိုမျှော်မှန်းသလဲ။
ခရီးသည်တွေ များများသုံးလာပြီး လုပ်ငန်းပမာဏကြီးလာရင် စီးပွားရေးအရ တွက်ခြေကိုက်ပါတယ်။ လောလောဆယ်မှာ ခရီးသည် သွားလာမှု အရေအတွက်ကို မခန့်မှန်းနိုင်သေးဘူး။ ကျွန်တော်တွက်တာ ခရီးသည် အားလုံးရဲ့ ရာခိုင်နှုန်း ၃၀၊ ရာခိုင်နှုန်း ၄၀ လောက်ရရင်ပဲ တွက်ခြေကိုက်ပါတယ်။
Ref: The Myanmar Post
4 Responses so far.
  1. Unknown says:
    ကျိုက်ထီးရိုးကိုသွားချင်လို့၁၁ ရက်နေ့သွားမဖုန်းနာပတ်လေးပေးစေချင်ပါတယ်
  2. လုပ်ငန်းပို၍ အောငွမြင်ပါစေ ဆုမွန်ကောင်းတောင်းပေးပါတယ်။
    ����������������
  3. Unknown says:
    ရနိုင်​ပါသလား
  4. Unknown says:
    ရနိုင်​ပါသလား
Leave a Reply
Thanks for your comments ...
---တောင်းပန်စကား ---
ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt
About Me
My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....
Labels
Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)
Followers