Tuesday, February 22, 2011

Pagemaker ဖြင့် လိပ်စာကဒ် ပြုလုပ်ခြင်း

Pagemaker ဖြင့် လိပ်စာကဒ် ပြုလုပ်ခြင်း

Pagemaker နဲ့ လိပ်စာကဒ်၊ ဖိတ်စာကဒ်လုပ်ခြင်း၊ ရုံးစာရိုက်ခြင်း၊ ကြော်ငြာလက်ကမ်း လုပ်ခြင်း၊ မဂ္ဂဇင်း၊ စာအုပ် စသည်ဖြင့် အမျိုးမျိုး ပြုလုပ်နိုင်ပါတယ်။ ဒီတစ်လတော့ လိပ်စာကဒ် ပြုလုပ်ပုံကို အသေးစိတ် ပုံနှင့်တကွ ပြောပြပါမယ်။ Legal size မှာ လိပ်စာကဒ် (၁၆)ခုရအောင် ဘယ်လို လုပ်ရမလဲဆိုရင် ....
အဆင့် (၁)
ပထမဆုံး Pagemaker ကိုဖွင့်ပြီး File အောက်က New ကို နှိပ်ပါ။

အဆင့်(၂)

Pagesize မှာ Legal, Orintation မှာ wide, Margin မှာ 0.3 ကိုထားပြီး OK ကို နှိပ်ပါ။

အဆင့်(၃)

Layout ထဲက Column guide ကို နှိပ်ပါ။

အဆင့်(၄-က)
Number of column မှာ 4 ရိုက်ပြီး Space between column မှာ 0 ရိုက်ပါ။ နောက် OK ကို နှိပ်ပါ။

အဆင့်(၄-ခ)

Rectangle Tool နဲ့ လေးထောင့်ပုံဆွဲပြီး High ကို

2 လက်မ ထားပါ။ ပြီး အပေါ်မှ grid line ဖြင့်တိုင်းပါ။

အဆင့်(၅)

ထိုအကွက်ထဲမှာ ပုံပါအတိုင်း Text tool ဖြင့် စာရိုက် ပါ။ အပေါ်ထိပ်မှာ line tool ဖြင့် + ပုံဆွဲပါ။

အဆင့်(၆)

အားလုံးကို select လုပ်ပြီး edit ထဲက copy ကိုနှိပ်ပါ။

အဆင့်(၇)

ထို့နောက် ပုံပါအတိုင်း edit ထဲမှ Paste Multiple ကို နှိပ်ပါ။

အဆင့်(၈)

ပေါ်လာသော box တွင် paste နေရာမှာ 4, horizontal မှာ 3.375 ရိုက်၊ vertical မှာ 0 ထား၊ OK နှိပ်ပါ။

အဆင့်(၉)

နောက် edit ထဲမှ select all နှိပ်၊ ပြီးရင် copy နှိပ်ပါ။

အဆင့်(၁၀)

ပေါ်လာသော box တွင် paste နေရာမှာ 4, horizontal မှာ 0 ရိုက်၊ vertical မှာ 2 ထား၊ OK နှိပ်ပါ။

အဆင့်(၁၁)
ကိုယ်အလိုရှိတဲ့ လိပ်စာကဒ်ကို ရပြီပေါ့။ လက်တွေ့စမ်းကြည့်ဖို့ တိုက်တွန်းပါတယ်။

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers