Friday, August 20, 2010

သတိမမှုဂူမမြင် ..

သတိမမှုဂူမမြင် .. သတိမှုတော့မြူတောင်မြင်တဲ့ .. ဟုတ်ပါတယ် ..သတိလက်လွတ်ဖြစ်နေတဲ့ အချိန် သတိမေ့လျော့သွားတဲ့အတွက် ဆုံးရှုံးမှုတွေများစွာ ဖြစ်လာနိုင်တယ်မဟုတ်ပါလား..

ဈေးကြီးတွေ နဲ့ အိုးအိမ်တွေ မီးပေါ့ဆ တာကြောင့် ငွေကြေးများစွာဆုံးရှုံးရပါတယ်။ ကားသမားတစ်ယောက်ရဲ့ သတိလက်လွတ်ပေါ့ဆအမှားကြောင့်လည်း လူတွေရဲ့  အသက်တွေဆုံးရပါတယ်။ ဒါတွေအားလုံး သတိလက်လွတ်ဖြစ်သွားရချိန်မှာ မေ့လျော့မိခဲ့ချိန်မှာ ဖြစ်ရတာတွေပဲ မဟုတ်ပါလား..

အော် .. သတိရှိဖို့ .. အသိကို သတိနဲ့ကပ်ဖို့ အရမ်းကိုအရေးကြီးပါလား... ကိုယ်တိုင်ကိုယ်ကျ ဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံခံစားရမှ သတိထားရမယ်.. ငါ သတိမေ့လျော့လို့ ဖြစ်ရတယ် ဆိုပြီး နောင်တရရပါတယ် .. ဆုံးရှုံးသွားတာတွေကတော့ ပြန်မရနိုင်တာတွေရှိသလို .. တစ်နည်းအားဖြင့် ပြန်လည်ရရှိတာလည်း ရှိမှာပါ..

ပိုက်ဆံအိတ်၊ passport အရေးကြီးကတ်တွေ ကျပျောက်သွားတယ် .. ရွှေဆွဲကြိုး ၊ ဟန်းချိန်းစသည်ဖြင့် ပြုတ်ကျပျောက်ဆုံးတယ် စသည်ဖြင့် အမျိုးမျိုးကြုံတွေ့ကြရပါတယ်.. သတိလွတ်တဲ့အချိန်မှာပါ..ကျလို့ကျမှန်းမသိပါ .. ဘယ်မှာပျောက်လို့ ပျောက်မှန်းမသိပါ.. ဒီလိုအဖြစ်မျိုးတွေအတွက် အရေးကြီးတဲ့အရာတွေမှာ သတိပိုမိုထားတက်ကြသလိုပဲ အရေးမကြီးဘူးထင်လို့ထားတဲ့ အသေးအမွှားကိစ္စလေးတွေကိုလည်း သတိထားသင့်ပါတယ်..

သတိလိုပိုသည်မရှိဆိုသလိုပါပဲ ... မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ သတိထားသင့်တာကို ထားခြင့်ဖြင့် အပိုဆုံးရှုံးရများမှ ကင်းဝေးကြပါစေလို့ ပြောချင်ပါတော့တယ်ရှင် ...

Leave a Reply

Thanks for your comments ...

 
 

---တောင်းပန်စကား ---

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ) ဆုံဆည်းရာ မှာလည်း ဆုံတွေ့နိုင်ပါတယ်..။ https://www.facebook.com/meeting2gt

About Me

My Photo
Hello there ! I'm rather new to blogging & collecting favorite posts.* (Mai Occupation :*Teaching Internet, Basic Computer & Web Design & then working in MIT*) > I'm 40% friendly > 30% geek > 20% crazy > 10% emo. *What u see may not be what u get* (: Feel free to add me as a friend. BB, CUL ....

Labels

Blogger (10) Computer (9) Dahama (21) Double Crane (1) Download (1) Ebook (6) Essay (6) Favourite (9) Gardars (1) Health (19) Internet (18) Knowledge (37) Learning English (4) Mobile (4) Poem (6) Story (2)

Followers