မျိုးချစ်ဇာနည်
နတ်သုဒ္ဒါတမျှ၊ ချိုစိမ့်လှသည့် ဗန္ဒရသရက်၊
နွယ်ခါးယှက်၍၊ အသက်ဆုံးရှုံး၊
မျိုးတုံးခဲ့ရ ရှေးသာဓက၊ ရှိခဲ့ကြ၏။
ဒို့အမျိုးဘာသာ၊ သာသနာသည်
ကမ္ဘာ့အလယ်၊ ဂုဏ်ယူဖွယ်အတိ
ချီးမွန်းသည့်အသံ၊ မိုးထိညံမျှ သင်းပြန့်လှ၏။
ဒို့အမျိုးဘာသာ၊ ဓွန့်ရှည်ကြာရေး
နောက်လာရင်သွေး၊ သင်-ဘာလေးမွေးမလဲ
ဒေါ်လာမယား၊ အဖော်ပြုထားပြီး၊
တိုက်ကားကြီးပေါ်၊ မြူးရွှင်ပျော်ကာ
အနှစ်မပါ၊ အချစ်ညာတဲ့ နွယ်ခါးရစ်ခွေ၊
မျိုးဖျက်တွေကို သမီး ဘယ်လိုစဉ်းစားမလဲ။
တော်လှဲသံကြီး၊ မြည်ဟည်းပြီးလျှင်
မြေကြီးကွဲအက်၊ ငလျှင်စနက်ကြောင့်
ရာထောင်မက၊ သေခဲ့ကြလဲ၊
အမျိုးမပြုတ်၊ အငုတ်အရင်း မျိုးဆက်ဆင်းကာ၊
အမျိုးဘာသာ သာသနာကြီး၊
ဆက်လက်ပြီးလျှင် ရှင်သန်ဝံ့ကြွား၊
မျိုးဆက်များမှ ထိန်းထားနိုင်သည်။
သို့ပေသည့်လည်း၊
မြေမျိုသော် အမျိုးမပြုတ်၊
လူမျိုသော် အငုတ်မကျန်၊
အမျိုးပြုတ်ရန် အရေးမို့ သမီးတို့ရေ........
ဝတ်ချင်တဲ့ ဆန္ဒ၊ လှချင်တဲ့ မာနနဲ့ ၊
ဘာသာရေးအသိနည်း၊ အချောင်ရတယ်ပဲဆိုပြီး၊
ဘ၀ကြီးတစ်ခုလုံးပုံအပ် မိုက်ဇာတ်တော့ မခင်းလိုက်ကြပါနဲ့။
ထမင်းငတ်ပြီး သေတဲ့မသာ ဒို့ပြည်မှာ မရှိပါဘူး၊
အလှရစ်မူး ချစ်ရည်လူးပြီး ရာဂကြူးတဲ့
ဘီလူးလက်အောက် အမျိုးပြောက်အောင်
ဘယ်သောအခါမှ မကြံကြနဲ့၊
ငွေကြေးဥစ္စာ၊ ဆင်းရဲပါလည်း မမွဲစိတ်ဓါတ်၊
အကျင့်မြတ်ကြောင်း ကမ္ဘာအပေါင်းမှ၊ ချီးကျူးရအောင်
ဒို့မျိုးချင်းဆက် အမျိုးဂုဏ်ဆောင်ရင်း
မျိုးသက်ဆင်းမှ ဆက်လက်ခိုင်မာ
ဒို့သာသနာကြီး ဘုန်းနေလမီး
ထိန်ထိန်ညီးစွာ ဓွန့်ရှည်ကြာတည်တံ့မှာမို့၊
သမီးတို့ရေ..... ဗုဒ္ဓဘာသာ မျိုးဆက်သစ်လေးများ မွေးဖွားပေးနိုင်ကြပါစေ။
ရေးသားသူ။ ။ဖိုးပညော (သပိတ်ကျင်း)