ရုန်းရ ကန်ရ ဤဘဝ
လေထန်တိုင်းသာ ၊ လွင့်ကြွေပါမူ
ဘယ်မှာပန်းများ ၊ ကျှန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ၊ ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး၊ ကျှန်မည်နည်း။
ကျရှုံးတိုင်းသာ ၊ ငိုရပါမူ
ဘယ်မှာမျတ်ရည် ၊ ကျှန်မည်နည်း။
အမှောင်တစ်ဝက် ၊ လင်းတစ်ဝက်နဲ့
တစ်ရက်တစ်ခါ ၊ ကြုံမြဲသာတည်း။
မျက်လှည့်ပမာ ၊ တွေ့မြဲသာတည်း။
ဘ၀သည်ကား ၊ တိုက်ပွဲများပင်
လှုပ်ရှားရသော ၊ လူ့ရွာတောဝယ်
လင်းသော ၊ မှောင်သော
အောင်သော၊ ရှုံးသော
မုန်းသော၊ ချစ်သော
သစ်သော၊ ဟောင်းသော
ပူသော၊ အေးသော
နုသော၊ ကြမ်းသော
စောကြောစိတ်ဖြာ မနေပါပေ။
လဲရာကထ ၊ ကျရာကတက်
ပျက်ရာကဆောက် ၊ ရှေ့သို့လျှောက်၍
ရောက်ရာဘ၀၊ အားမာန်ပြရင်း
ရုန်းရ ကန်ရမည် တကား ။
ကဗျာရေးသားသူ။ ။ အောင်သန်းထွန်း(မုံရွာ) ပါ။ စာဖတ်သူသူငယ်ချင်းများအားလုံး ကိုယ့်ဘ၀ကိုယ်လှပစွာ
ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်ကြပါစေ။
ဆုမွန်ခြွေလျှက်..
ခင်သော..
မြတ်ပုလဲဖြူ